ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသို့ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသို့ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Posted on 06 July 2022

နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့  အဖွဲ့ခေါင်းဆောင် ဦးဇေယျာလင်း ဉီးဆောင်သောအဖွဲ့သည် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခဲ့သည့် နေပြည်တော် ဥတ္တရသီရိမြို့နယ် အတွင်းရှိ စက်အုတ်ထုတ်လုပ် ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း၊ ဟိုတယ်တည်ဆောက်ခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းတို့သို့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။