ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂) ကြိမ်မြောက် အစည်အဝေးကျင်းပခြင်း

ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂) ကြိမ်မြောက် အစည်အဝေးကျင်းပခြင်း

Posted on 22 July 2022

ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် မလိခခန်းမ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ရာ ကချင် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဉက္ကဋ္ဌ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

         အဆိုပါအစည်းအဝေးတွင် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များသည် ကချင် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် အစီရင် ခံစာ၊ ကုမ္ပဏီ ၂ ခုမှ တင်ပြလာသည့် နိုင်ငံတကာ အရည်အသွေးမီ တစ်သျှူးငှက်ပျော စိုက်ပျိုးထုတ်လုပ် တင်ပို့ဖြန့်ဖြူးခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုမိန့် လျှောက်ထားခြင်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။