ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်း

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 01 August 2022

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ညွှန်ကြား ရေးမှူး ဦးသက်ပိုင် ဦးဆောင်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ဧရာဝတီ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(ARIC)၏ အတည်ပြုမိန့်ဖြင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက် လျက်ရှိသည့် မအူပင်ခရိုင်၊ မအူပင်မြို့နယ်ရှိ CMP စနစ်ဖြင့် လက်အိတ်ချုပ်လုပ်ခြင်း လုပ်ငန်းသို့ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။