ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

Posted on 01 December 2022

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီး မြှုပ်နှံမှု ကော်မတီ ဥက္ကဌ ဦးဇော်မျိုးတင် ၊ ကော်မတီအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ဆီစက်လုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်ငန်းရှင်များ နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့်အခြေအနေများ၊ ကယားပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အသိပညာဖြန့်ဝေခြင်း ဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။