မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ဂျပန်အပြည်အပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)တို့ ပူးပေါင်း၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး ဦးဆောင်သည့် လုပ်ငန်းတာဝန်ခံအဖွဲ့ဝင် ၁၄ ဦးပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၆ ခုနှစ် မတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့ထိ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ Infrastructure PPP framework နှင့် ပတ်သက်သည့် DICA-JICA ညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်ဆွေးနွေးခဲ့ကြပါ သည်။ မြန်မာနိုင်ငံမှ လုပ်ငန်း တာဝန်ခံအဖွဲ့ဝင်များသည် PT. PLN Office ၊ Indonesia Infrastructure Guarantee Fund (IIGF) နှင့် အင်ဒိုနီးရှားနိုင်ငံ JICA ရုံးခွဲတို့သို့ သွားရောက်ခဲ့ပြီး PPP ဆိုင်ရာ လက်တွေ့ဆောင်ရွက်နေမှုများကို သွားရောက်လေ့လာခဲ့ကြပါ သည်။
Posted on 02 March 2016