အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် Castalia Strategic Advisor အဖွဲ့တို့သည် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးသို့ ၁၅-၈-၂၀၁၆ ရက်နေ့ နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ အခြေအနေများနှင့် PPP စီမံကိန်းများ ဆောင်ရွက်မှုလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။