ကုမ္ပဏီမှတ်ပုံတင်စနစ် Myanmar Companies Online (MyCO) အသုံးပြုရန် လမ်းညွှန်

ကုမ္ပဏီမှတ်ပုံတင်စနစ် Myanmar Companies Online (MyCO) အသုံးပြုရန် လမ်းညွှန်

Posted on 13 August 2018
  • ကုမ္ပဏီ မှတ်ပုံတင်စနစ်၏ သတ်မှတ်ပုံစံများတွင် မြန်မာဘာသာဖြင့် ဖြည့်သွင်းမှုများ    အတွက် Unicode (Myanmar 3) ဖြင့်အသုံးပြုပါ။
  •  လူပုဂ္ဂိုလ်များ၏ မွေးနေ့များ ဖြည့်သွင်းရာတွင် ခရစ် သက္ကရာဇ်ကိုသာ အသုံးပြုပါ။
  •  Google Chrome Browser ကို အသုံးပြု၍ MyCO သို့ဝင်ရောက်ပါ။
  • လူပုဂ္ဂိုလ်များ၏ နိုင်ငံသား စိစစ်ရေးလက်မှတ် အမှတ်များအား ဖြည့်သွင်းရာတွင် 00/KAKHAGA(N)012345 ပုံစံအတိုင်း ဖြည့်သွင်းပါ။
  • အချက်အလက်များဖြည့်သွင်းရာတွင် တွေ့ရှိရမည့် “ကုမ္ပဏီ၏ ဖွဲ့စည်းပုံစည်းမျဉ်း နမူနာ ပုံစံ” ဆိုသည်မှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် ၆၀/၂၀၁၈ တွင် ဖော်ပြထားသော ဖွဲ့စည်းပုံစည်းမျဉ်း နမူနာပုံစံကိုဆိုခြင်းဖြစ် ပါသည်။
  • ပူးတွဲတင်ပြရမည့် အထောက်အထားများအား pdf format ဖြင့်သာ ပူးတွဲတင်ပြပေးပါ။
  • အစုရှယ်ယာ မတည်ငွေရင်း အချက်အလက်များဖြည့်သွင်းရာတွင် ရှယ်ယာအ‌ရေအတွက် နှင့်အစုရှယ်ယာတန်ဖိုးတို့ကို တိကျစွာတွက်ချက်ဖြည့်သွင်းပေးပါရန် လိုအပ်ပါကြောင်း အသိပေးအပ်ပါသည်။

 

                                                          ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန