“Willow Oriental (Myanmar) Textile Co.,Ltd.”သို့ ကွင်းဆင်းစစ်ဆေးခြင်း

“Willow Oriental (Myanmar) Textile Co.,Ltd.”သို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 22 August 2019

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် CMPစနစ်အသုံးပြုပြီး အိပ်ယာခင်း အသုံးအဆောင်များ ချုပ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျှက်ရှိသော ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ “Willow Oriental (Myanmar)Textile Co.,Ltd.” သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်း စစ်ဆေး ရေးအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့တွင် စီးပွားဖြစ်စတင်ရန် ဆောင်ရွက်ထားမှုအခြေအနေများအား သွားရောက် စစ်ဆေးပြီး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။