“ဝမ်းတူးတူးကုမ္ပဏီလီမိတက်” နှင့် “Dehus Myanmar လီမိတက်” သို့ ကွင်းဆင်းခြင်း

“ဝမ်းတူးတူးကုမ္ပဏီလီမိတက်” နှင့် “Dehus Myanmar လီမိတက်” သို့ ကွင်းဆင်းခြင်း

Posted on 22 August 2019

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းဆောင်ရွက်နေသော ဝမ်းတူးတူး ကုမ္ပဏီလီမိတက်နှင့် ဒီးမော့ဆိုမြို့တွင် မျိုးရင်းဝက်မွေးမြူထုတ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်နေသော Dehus Myanmar လီမိတက်သို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၉ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါ သည်။