Workshop on Customer Service Skills Training Need Analysis ကျင်းပပြုလုပ်ခြင်း [1]
Posted on 19 May 2017
ဂျာမနီအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(GIZ)နှင့်ပူးပေါင်း၍ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် အများပြည်သူများအား ဝန်ဆောင်မှုပေးရာတွင် ပိုမို ကောင်းမွန်မှုရှိစေရန် ရည်ရွယ်၍ Workshop on Customer Service Skills Training Need Analysis သင်တန်းကို ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရှိ အစည်းအဝေးခန်းမ၊ ရန်ကုန်မြို့၌ ၂၀၁၇ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရှိ ဌာနခွဲများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ရုံးခွဲများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပါသည်။


