ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


အိတ်ဖွင့်တင်ဒါ ဖွင့်ဖောက်ခြင်း အခမ်းအနား [1]

Posted on 25 May 2017

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီး ဌာန၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုငွေဖြင့်  ရန်ကုန်ရုံးချုပ်၌ အသုံးပြုရန် မီးစက်အပါအဝင် ရုံးသုံးစက်ပစ္စည်းကိရိယာနှင့် ပရိဘောဂများဝယ်ယူရန် ဌာန အစီအစဉ်ဖြင့် တင်ဒါခေါ်ယူခြင်းကို နိုင်ငံသားလုပ်ငန်းရှင်များ ပွင့်လင်းမြင်သာစွာ ပါဝင်ယှဉ်ပြိုင် နိုင်ရန်အတွက် နိုင်ငံပိုင်သတင်းစာများဖြစ်သော မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင် ၂၀၁၇ခုနှစ် ဧပြီလ ၁၅၊ ၁၇ ရက်နေ့ထုတ် သတင်းစာများ၌ ထည့်သွင်းကြော်ငြာခဲ့ပြီး ၂၀၁၇ ခုနှစ်မေလ (၁၉) ရက်နေ့တွင် တင်ဒါဖွင့်ဖောက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားခဲ့သော်လည်း တင်ဒါ ဖွင့်ဖောက်ရက် ပြင်ဆင်ခြင်းအား ၂၀၁၇ ခုနှစ် မေလ (၂၂) ရက်နေ့ ထုတ် မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာများတွင် ထည့်သွင်းဖော်ပြခဲ့ပြီးမေလ (၂၃) ရက်နေ့အင်္ဂါနေ့(၁၅:၀၀) နာရီအချိန်၌ တင်ဒါဖွင့်ဖောက်ခဲ့ပါသည်။

            တင်ဒါဖွင့်ဖောက်ခြင်း အခမ်းအနားကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံးမှ ရုံးတွင်းအမိန့်စာဖြင့် ဖွဲ့စည်းထားသည့် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၏ ဥက္ကဌအဖြစ် အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင် ဦးစီးသော အဖွဲ့ဝင် (၆) ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကုမ္ပဏီလုပ်ငန်းရှင်များစုစုပေါင်း(၁၁၀) ဦးခန့် တက်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် မေလ ၂၃ ရက်နေ့ ည (၁၂:၀၀) နာရီအချိန်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

 

 

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative