ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


Yangon City Red Sun Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း [1]

Posted on 02 June 2017

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့်  သစ်ပေါင်းသား အမျိုးမျိုး ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ရန်ကုန်တိုင်း ဒေသကြီးရှိ Yangon City Red Sun Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ တည်ဆောက်ရေးကာလ တိုးမြှင့်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ တည်ဆောက်ပြီးစီးမှုအခြေအနေ၊ ပြည်တွင်းပြည်ပ ဝန်ထမ်းများ ခန့်ထားမှုအခြေအနေ၊ စက်ပစ္စည်း တပ်ဆင်ထားမှုအခြေအနေ၊ ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး ဆောင်ရွက်ထားမှု အခြေအနေများကို ၂၀၁၇ ခုနှစ် မေလ ၃၁ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative