ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


Myanmar Investment Forum 2017 ကျင်းပပြုလုပ်ခြင်း [1]

Posted on 07 June 2017

မြန်မာနိုင်ငံရဲ့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမည့် Myanmar Investment Forum 2017 ကို Myanmar Investors Development Association (MIDA)မှ ကြီးမှူး၍ ၂၀၁၇ ခုနှစ် ဇွန်လ ၆ ရက်နှင့် ၇ ရက်နေ့ နေပြည်တော် MICC 2  ၌ ကျင်းပပြုလုပ်လျက် ရှိပါသည်။

အဆိုပါအခမ်းအနား၏ ပထမနေ့ ၂၀၁၇ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေမှ မိန့်ခွန်းပြောကြားခဲ့ပါသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး တို့တက်ရောက်၍ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ မူဝါဒများကို ရှင်းလင်းပြောကြား ခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ "Update of Investment Environment in Myanmar" ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative