ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဖွဲ့စည်းခြင်း [1]

Posted on 14 June 2017

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့သည် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေပုဒ်မ ၇ ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်ပါကြောင်းသိရှိရပါသည်-

(က)

ဦးကျော်ဝင်း

ပြည်ထောင်စုဝန်ကြီး

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ဥက္ကဋ္ဌ

(ခ)

ဒေါက်တာသန်းမြင့်

ပြည်ထောင်စုဝန်ကြီး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ဒုတိယဥက္ကဋ္ဌ

(ဂ)

ဦးထွန်းထွန်းဦး

ပြည်ထောင်စုရှေ့နေချုပ်

ပြည်ထောင်စုရှေ့နေချုပ်ရုံး

အဖွဲ့ဝင်

(ဃ)

ဦးလှကျော်

ဒုတိယဝန်ကြီး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

အဖွဲ့ဝင်

(င)

ဦးခင်မောင်ရီ

အမြဲတမ်းအတွင်းဝန်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန

အဖွဲ့ဝင်

(စ)

ဦးထိန်လွင်

အမြဲတမ်းအတွင်းဝန်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

အဖွဲ့ဝင်

(ဆ)

ဦးမျိုးအောင်

အမြဲတမ်းအတွင်းဝန်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

အဖွဲ့ဝင်

(ဇ)

ဦးတိုးအောင်မြင့်

အမြဲတမ်းအတွင်းဝန်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

အဖွဲ့ဝင်

(ဈ)

ဦးထွန်းထွန်းနိုင်

အမြဲတမ်းအတွင်းဝန်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

အဖွဲ့ဝင်

(ည)

ဦးဌေးချွန်

ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း)

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

အဖွဲ့ဝင်

(ဋ)

ဦးအေးလွင်

ဗဟိုအလုပ်အမှုဆောင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်

အဖွဲ့ဝင်

(ဌ)

ဦးအောင်နိုင်ဦး

ညွှန်ကြားရေးမှူးချုပ်

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

အတွင်းရေးမှူး

(ဍ)

ဒေါ်မြသူဇာ

ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း)

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

တွဲဖက်အတွင်းရေးမှူး

 

အမိန့်ကြော်ငြာစာအပြည့်အစုံအားဖတ်ရှုရန် [2]

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative