ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဌ ဦးကျော်ဝင်း ဂျပန်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံခြင်း [1]

Posted on 16 June 2017

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr Tateshi HIGUCHI အား ၂၀၁၇ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်မြို့၌ လက်ခံ တွေ့ဆုံ ပါသည်။

ယင်းသို့ တွေ့ဆုံစဉ် ODA ဆိုင်ရာ ကိစ္စရပ်များ၊ သက်မွေးဝမ်းကျောင်း သင်တန်းဆိုင်ရာ ကိစ္စရပ်များ၊ ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ စွမ်းအင်ကဏ္ဍနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍတို့တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative