ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဌ ဦးကျော်ဝင်း အမေရိကန်နိုင်ငံ သံအမတ်ကြီးအားလက်ခံတွေ့ဆုံ [1]

Posted on 16 June 2017

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ ဦးကျော်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ စကော့ အလန်မာစီရယ်လ်အား ၂၀၁၇ ခုနှစ် ဇွန်လ ၁၅ ရက်နေ့  မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်မြို့၌ လက်ခံ တွေ့ဆုံ ခဲ့ပါသည်။

ယင်းသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍတို့၌ အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြပါသည်။

energy sector.

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative