ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အဆင်ပြေချောမွေ့ရေး အလုပ်ရုံဆွေးနွေးပွဲ (အောက်မြန်မာပြည်) ဒုတိယနေ့ ဆက်လက်ကျင်းပပြုလုပ်ခြင်း [1]

Posted on 15 June 2017

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ United Nations Economic and Social Commission for Asia and the Pacific (UNESCAP)နှင့်DaNa Facility (UK Aid) တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ကျင်းပပြုလုပ်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အဆင်ပြေချောမွေ့ရေး အလုပ်ရုံဆွေးနွေးပွဲ (အောက်မြန်မာပြည်)အား ကရင်ပြည်နယ်၊ ဘားအံ မြို့တွင်  ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့၌ ဒုတိယနေ့အဖြစ် ကျင်းပပြုလုပ်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင်  Mr Marc Proksh, UNESCAP နှင့် Mr Peter Brimble, DaNa Facility တို့မှ  ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနည်းဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှုမစတင်မီအဆင့်တွင် အဆင်ပြေချောမွေ့မှုရှိစေရန် ကူညီဆောင်ရွက်ပေးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့်နေရာအား သွားရောက်လေ့လာခြင်း ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများကလည်း ရှင်းလင်းဆွေးနွေးမှုအပေါ် ပါဝင်ဖြည့်စွက်ဆွေးနွေးခဲ့ကြပါ သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့အထိ ဆက်လက် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative