ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့်အဆင်ပြေချောမွေ့ရေးအလုပ်ရုံဆွေးနွေးပွဲ (အထက်မြန်မာပြည်) ဒုတိယနေ့ ဆက်လက်ကျင်းပပြုလုပ်ခြင်း [1]

Posted on 21 June 2017

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ United Nations Economic and Social Commission for Asia and the Pacific (UNESCAP)နှင့် DaNa Facility (UK Aid) တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ကျင်းပပြုလုပ်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေး နှင့် အဆင်ပြေချောမွေ့ရေး အလုပ်ရုံဆွေးနွေးပွဲ (အထက်မြန်မာပြည်)အား စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ Win Unity Resort ဟိုတယ်တွင်၂၀၁၇ ခုနှစ်၊ ဇွန်လ၂၀ ရက်နေ့၌ ဒုတိယနေ့အဖြစ် ကျင်းပပြုလုပ် ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် Mr Marc Proksh, UNESCAP နှင့် Mr Peter Brimble, DaNa Facility တို့မှ  ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနည်းဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှု မစတင်မီ အဆင့်တွင် အဆင်ပြေချောမွေ့မှုရှိစေရန် ကူညီဆောင်ရွက်ပေးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့်နေရာအား သွားရောက်လေ့လာခြင်း ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေး ခဲ့ကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများကလည်း တက်ကြွစွာ ပါဝင်ဖြည့်စွက် ဆွေးနွေးခဲ့ကြပါသည်။

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative