မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးနှင့် တွေ့ဆုံဆွေးနွေးခြင်း [1]
Posted on 11 July 2017
မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ Chargé ďAffaires ဖြစ်သူ Mr. Kim Jung Han သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်နိုင်ဦးနှင့် ရန်ကုန်မြို့တွင် ၂၀၁၇ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့ နေ့လည်ပိုင်း၌ လာရောက်တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
