ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၁၇) တွင် ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် စပ်လျဉ်းသည့် မီဒီယာများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခြင်း [1]

Posted on 13 July 2017

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၁၇)တွင် ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများအတွက် မီဒီယာများနှင့် တွေ့ဆုံပွဲကို  ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ ညနေ(၄:၀၀)နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန၌ ကျင်းပပြုလုပ်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးဆန်းမြင့်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေတို့အရ ခွင့်ပြုခဲ့သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အရ ခွင့်ပြုမိန့် နှင့် အတည်မိန့်ထုတ်ပေးခဲ့သည့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်းသည့် အချက်အလက် များအား ရှင်းလင်း ပြောကြား ခဲ့ပြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်းထုတ်ပြန်ချက်(၈/၂၀၁၇)အား ဖြန့်ဝေခဲ့ပါ သည်။ 

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာ (၁၉) ခုမှ သတင်းထောက် (၂၂) ဦး တက်ရောက်ခဲ့ပြီး သတင်းမှတ်တမ်း ရယူခဲ့ကြပါသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ်စဉ်(၈/၂၀၁၇) [2]

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative