ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


အမေရိကန်နိုင်ငံမှ ဘဏ်များ အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း [1]

Posted on 27 July 2017

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနှင့် AMCHAM Myanmar တို့၏ ပူးပေါင်း၍ အမေရိကန် နိုင်ငံမှ ဘဏ်လုပ်ငန်းများ၊ အာမခံလုပ်ငန်းများနှင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများမှ လုပ်ငန်းရှင်များပါဝင်သည့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့သည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ မာလာမျိုးညွန့် နှင့် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် Chatrium Hotel ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mr. Scot Marciel၊ Senior Commercial Officer Mr. Manoj Desaiနှင့် သံအရာရှိများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေသစ်၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ(မူကြမ်း)တို့ နှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးကြပါသည်။

 

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative