ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


သြစတြေးလျ နိုင်ငံတွင် ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲများသို့ တက်ရောက်ခြင်း [1]

Posted on 28 July 2017

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်အား ရှင်းလင်းပြောကြားရန်နှင့် နှစ်နိုင်ငံ အကြား စီးပွားရေးဆိုင်ရာ ဆက်သွယ်မှုများ တိုးမြှင့်တည်ဆောက်နိုင်ရန် ရည်ရွယ်၍ သြစတြေးလျနိုင်ငံတွင် မဲလ်ဘုန်းမြို့နှင့် ဆစ်ဒနီမြို့တို့၌ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တို့တွင် အသီးသီး ကျင်းပပြုလုပ်သည့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲများသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး တက်ရောက်ခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative