International School of Urban Sciences နှင့် တွေ့ဆုံဆွေးနွေးခြင်း [1]
Posted on 28 July 2017
ကိုရီးယားနိုင်ငံ၊ ဆိုးလ်တက္ကသိုလ်ရှိ International School of Urban Sciences မှ Vice Dean နှင့် ပါမောက္ခဖြစ်သူ Mr Park Hyeon နှင့် ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသို့ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် လာရောက်၍ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် တွေ့ဆုံခဲ့ပြီး Public Private Partnership(PPP)ဆိုင်ရာ ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ် များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
