ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်နွယ်နေသည့် ဝန်ကြီးဌာနများအတွက် ရင်းနှီးမြှုပ်နှံမှုမူဝါဒနှင့် ဥပဒေဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း [1]

Posted on 03 August 2017

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် International Finance Corporation (IFC)၊ Australian Aid နဲ့ UKaid တို့၏ ပူးပေါင်းကူညီမှုဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်နွယ်နေသည့် ဝန်ကြီးဌာနများအတွက် ရင်းနှီးမြှုပ်နှံမှုမူဝါဒနှင့် ဥပဒေဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့တွင် နေပြည်တော်ရှိ Kempinski ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲသို့  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲ တမ်းအတွင်းဝန်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဌာနဆိုင်ရာများမှ Focal Contact Person များနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း ၇၀ ဦး တက်ရောက်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးဆက်အောင်က အဖွင့်အမှာစကားပြောကြားကာ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက “မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က “ဝန်ကြီးဌာနများ သိသင့်သိထိုက် သောအချက်အလက်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်တင်အေးဟန်က “မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းတင်ပြ ခဲ့ကြပြီး တက်ရောက်လာသူများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို နေ့လည် ၁၂:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative