Mac Do Co., Ltd. နှင့် Myanmar DYC Co., Ltd.သို့ ကွင်းဆင်းစစ်ဆေးခြင်း [1]
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ ခွင့်ပြုမိန့်အမှတ် (၄၈၃/၂၀၁၂)၊ CMP စနစ်ဖြင့် ဆံပင်အတုနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်၊ မင်္ဂလာဒုံစက်မှုဇုန်၊ မြေကွက်အမှတ် အေ- ၁၂ ရှိ Mac Do Co., Ltd. နှင့် ခွင့်ပြုမိန့်အမှတ် (၄၅၈/၂၀၁၁) CMP စနစ်ဖြင့် ရှူးဖိနပ် နှင့် ဖိနပ် အစိတ်အပိုင်းများထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံစက်မှုဇုန်၊ အကွက်အမှတ် စီ - ၅ နှင့် စီ - ၆ ရှိ Myanmar DYC Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန၊စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာန နှင့် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ သုံးလပတ်အစီရင်ခံစာ၊ စက်ပစ္စည်း တပ်ဆင်ထားမှု အခြေအနေ၊ အလုပ်သမား ခန့်ထားမှု၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊ ပုဂ္ဂလိက စက်မှုမှတ်ပုံတင်အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်မှုအခြေ အနေ စသည်များကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ပါသည်။



