ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးခြင်း ဆောင်ရွက်သည့်အဖွဲ့ ၏(၁/၂၀၁၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း [1]

Posted on 11 August 2017

          မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံ ဝန်ဆောင်မှုပေးခြင်း ဆောင်ရွက်သည့်အဖွဲ့၏(၁/၂၀၁၇)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့၊ နံနက် ၁၀: ၀၀ နာရီ၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန အဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် ဦးဆောင်၍ ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းဦးစီးမှူးနှင့် သက်ဆိုင်ရာ ဌာန(၁၃)ခုတို့မှ တာဝန်ခံ အရာရှိများ တက်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် သွင်းကုန်လိုင်စင် လျှောက်ထားခြင်း၊ အကောက်ခွန် ရှင်းလင်းခြင်း၊ နိုင်ငံခြားသား နေထိုင်ခွင့်နှင့် ခန့်ထားခွင့် လုပ်ငန်းများ စသည်တို့ကို ညှိနှိုင်း ဆွေးနွေး ခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative