ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


အများပြည်သူသို့ အသိပေးကြေညာချက် [1]

Posted on 15 August 2017

၁။  ကုမ္ပဏီအချို့သည် နိုင်ငံသားများအား အကြောင်းအမျိုးမျိုးဖြင့် မက်လုံးပေးပြီး ငွေကြေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ်ခြင်း၊ Online မီဒီယာများမှတဆင့် အစုရှယ်ယာ ရောင်းချခြင်းများ၊ အစုရှယ်ယာ ဝယ်ယူရန် ဖိတ်ခေါ်ခြင်းများ ပြုလုပ်နေကြောင်း တွေ့ရှိရပါသည်။

၂။  ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အထိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေနှင့်အညီ ဖွဲ့စည်းမှတ်ပုံတင်ထားသော အများနှင့်သက်ဆိုင်သောကုမ္ပဏီများအနက် အောက်ပါ ကုမ္ပဏီ(၅၅)ခုသည်သာ အများပြည်သူသို့အစုရှယ်ယာရောင်းချခွင့်ရှိပါကြောင်း၊ ကျန်ကုမ္ပဏီများသည် အများပြည်သူ သို့အစုရှယ်ယာရောင်းချခွင့်မရှိပါကြောင်း နှင့် ထပ်မံခွင့်ပြုသော ကုမ္ပဏီများရှိလာပါက အဆိုပါကုမ္ပဏီစာရင်းကိုလည်း ဆက်လက် ထုတ်ပြန်ပေးမည်ဖြစ်ပါကြောင်း သိရှိနိုင်ပါရန် အသိပေးကြေညာအပ်ပါသည်။

အများပြည်သူသို့ အစုရှယ်ယာရောင်းချခွင့်ရှိသော ကုမ္ပဏီများစာရင်း [2]

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative