ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


P.G.K.G Sirisena ကုမ္ပဏီနှင့်တွေ့ဆုံဆွေးနွေးခြင်း [1]

Posted on 16 August 2017

        မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mr. K.W.N.D. Karunaratne ဦးဆောင်၍ သီရိလင်္ကာနိုင်ငံအခြေစိုက် P.G.K.G Sirisena ကုမ္ပဏီမှ General Manager ဖြစ်သူ Mr. Eng.W.P.N. Jayarathna နှင့်အဖွဲ့သည် ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် လာရောက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative