ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းနှင့် ဆုတံဆိပ်များ ချီးမြှင့်ခြင်း [1]

Posted on 18 August 2017

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ (၁၂/၂၀၁၇)ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒ ဖော်ထုတ်ဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ် ဩဂုတ်လ၁၇ ရက်နေ့တွင် ရန်ကုန်ရုံးချုပ်၌ ညွှန်ကြားရေး မှူးချုပ် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ ဌာနခွဲများမှ အရာထမ်း ၊ အမှုထမ်းများ တက်ရောက်ခဲ့ ပါသည်။

အဆိုပါ အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်သည့် ဦးဆန်းမြင့်နှင့် ဦးသန်းအောင်ကျော် တို့သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ ချီးမြှင့်ပေးခဲ့သည့် ပြည်သူ့ဝန်ထမ်းတံဆိပ်ရရှိသူ အရာထမ်း(၄)ဦးနှင့် ငြိပ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေး တံဆိပ် ရရှိသူ အရာထမ်း၊ အမှုထမ်း (၁၀) ဦးတို့အတွက် ဂုဏ်ပြုစာလွှာ ရရှိသည့် ဝန်ထမ်းများအား ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative