ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


Fu Yuen Garment Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း [1]

Posted on 24 August 2017

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုန် (၁) ၊ ကနောင်မင်းသားကြီး လမ်း၊ မြေကွက်အမှတ်(၁၉၈/၁)  ရှိ Fu Yuen Garment Co., Ltd.  သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ သုံးလပတ်အစီရင်ခံစာ၊ စက်ပစ္စည်းတပ်ဆင်ထားမှု အခြေ အနေ၊ အလုပ်သမား ခန့်ထားမှု၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊ ပုဂ္ဂလိက စက်မှုမှတ်ပုံတင် အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်မှုအခြေအနေ စသည်များကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၇  ရက် နေ့တွင်သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative