ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁/၂၀၁၇) ကြိမ်မြောက် အစည်းအဝေး [1]

Posted on 25 August 2017

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁/၂၀၁၇) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက် ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် ဥက္ကဋ္ဌ က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ နှင့်အညီ ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ဆောင်ရွက်ကြမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ အတည်ပြု လျှောက်ထား လွှာများအား အတည်ပြုမိန့်များ ထုတ်ပေးနိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးနိုင်ရေး တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး ဖွဲ့စည်းမှု အခြေအနေနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေး မှာကြား ခဲ့ပါသည်။ ကော်မတီ၏ အဖွဲ့ဝင်များ၊ အတွင်းရေးမှူးတို့မှ အတည်ပြု လျှောက်ထားလွှာများ လက်ခံစိစစ်ခြင်း၊ အတည်ပြုမိန့်များ ထုတ်ပေးခြင်းနှင့် အတည်ပြုမိန့် ရရှိထားသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား စိစစ်ကြပ်မတ်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မတည်ငွေရင်း ပမာဏ အမေရိကန် ဒေါ်လာ ၅ သန်း ထိ သို့မဟုတ် ကျပ် သန်း ၆၀၀၀ ထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အတည်ပြုလျှောက်ထား လွှာများကို ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အမှတ် ၁ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ တယ်လီဖုန်း အမှတ် ၀၁ ၆၅၇၈၉၂ သို့ ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ပါသည်။

 

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative