မြန်မာနိုင်ငံအစုစပ်လုပ်ငန်းဥပဒေသစ်နှင့်ပတ်သက်၍ အကြံပြုချက် တောင်းခံခြင်း [1]
Posted on 05 September 2017
မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံး ဆောင်ရွက်လျက်ရှိသော အစုစပ်လုပ်ငန်း အက်ဥပဒေ (The Partnership Act (India Act 9, 1932, Vol.IX) အားပိုမိုခေတ်မီကောင်းမွန်စေရန် အတွက် မြန်မာဘာသာဖြင့် ပြင်ဆင်ရေးဆွဲထားသည့် မြန်မာနိုင်ငံအစုစပ်လုပ်ငန်း ဥပဒေ (မူကြမ်း) အား ဤဦးစီးဌာန၏ Website ဖြစ်သော www.dica.gov.mm [2] တွင် လေ့လာ ဖတ်ရှု နိုင်ပါသည်။
အဆိုပါ မြန်မာနိုင်ငံ အစုစပ်လုပ်ငန်း ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ အကြံပြုလိုသည်များ ရှိပါက lawreform. dica.mm@gmail.com [3] သို့ဖြစ်စေ၊ core.gov.mm@gmail.com [4]သို့ဖြစ်စေ၊ ဤဦးစီးဌာန Fax-၀၁-၆၅၈၁၃၅ သို့ဖြစ် စေ၊ စာဖြင့်ဖြစ်စေ ပေးပို့အကြံပြုနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
