Mansa Iron and Steel Fabrication & Manufacturing Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း [1]
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် သံနှင့်သံမဏိပစ္စည်းအမျိုးမျိုး ပြုပြင် ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ စက်မှုဇုန်၊ မြေတိုင်းရပ်ကွက်အမှတ်-၂၃၊ မြေကွက်အမှတ် - ၅၂၉/၃၊ ၅၂၉/၄ ရှိ Mansa Iron and Steel Fabrication & Manufacturing Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်း စစ်ဆေးရေး အဖွဲ့သည် ကုမ္ပဏီ၏ စက်ပစ္စည်းတပ်ဆင်ထားမှုအခြေအနေ၊ အလုပ်သမားခန့်ထားမှု၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊ ပုဂ္ဂလိကစက်မှုမှတ်ပုံတင်အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုထည့်ဝင်မှုအခြေအနေနှင့် ကုန်ကြမ်းများတင်သွင်းမှုအခြေအနေ စသည် များကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။

