ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့်ပြပွဲ နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း [1]

Posted on 07 September 2017

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲနှင့်ပြပွဲ နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့တွင် ရုံးအမှတ် (၃၂) အစည်းအဝေးခန်းမ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး၊ ညွှန်ကြား ရေးမှူး ဒေါက်တာမာလာမျိုးညွန့်မှ ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲနှင့်ပြပွဲ နှင့်စပ်လျဉ်း၍ အသေးစိတ် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက် လာသည့် ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါ သည်။

          အစည်းအဝေးသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အရာရှိကြီးများ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်ဦး ကုမ္ပဏီ လီမိတက်တို့မှ ကိုယ်စားလှယ်များနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ အရာထမ်းများ  တက်ရောက်ခဲ့ပါသည်။

 

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative