ကုမ္ပဏီများသို့ အသိပေးကြေငြာချက် [1]
Posted on 08 September 2017
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်ထားရှိသော ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများအက် ဥပဒေအရ ဤဌာနသို့ ပုံစံ (င)၊ (၆)၊ (၂၆)၊ လိပ်စာပြောင်း နှင့် အစုရှယ်ယာပြောင်းများ တင်ပြရာတွင် သက်ဆိုင်ရာပုံစံများကို ဌာန၏ Website (www.dica.gov.mm [2]) တွင် တင်ထားသော ပုံစံများဖြင့်ဖြစ်စေ (သို့မဟုတ်) ဌာနမှ ဝယ်ယူသောပုံစံများကို အသုံးပြု၍ ဖြစ်စေ ဖြည့်သွင်း တင်ပြနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
