ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


KK Fishing Net Factory Co.,Ltdနှင့် Mybaco Manufacturing Co.,Ltdတို့သို့ကွင်းဆင်းစစ်ဆေးခြင်း [1]

Posted on 12 September 2017

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော ငါးဖမ်း ပိုက်ထုတ်လုပ် ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် စက်မှုဇုန်(၁)၊ လှိုင်သာယာမြို့နယ်၊  ရန်ကုန်တိုင်းဒေသကြီးရှိKK Fishing Net Factory Co.,Ltdနှင့်ကိတ်မုန့်၊ ပေါင်မုန့်နှင့် ဘီစကွတ်မုန့်အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် စက်မှုဇုန်(၁)၊ ဒဂုံ မြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊  ရန်ကုန်တိုင်းဒေသကြီးရှိMybaco Manufacturing Co.,Ltd တို့သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမား ညွှန်ကြား မှုဦးစီး ဌာန၊ ပတ်၀န်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါ၀င်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ တည်ဆောက်ရေးလုပ်ငန်းတိုးတက်မှုအခြေအနေ၊ သုံးလပတ်အစီရင်ခံစာ၊ ထုတ်လုပ်မှု အခြေ အနေ၊စီးပွားဖြစ်စတင် ဆောင်ရွက်ပြီးအခြေအနေ၊ အလုပ်သမားခန့်ထားမှု၊ ပတ်၀န်းကျင်စီမံ ခန့်ခွဲမှုအစီအစဉ်၊ ပုဂ္ဂလိကစက်မှုမှတ်ပုံတင်၊ လုပ်ငန်းခွင် လုံခြုံရေးအခြေအနေစသည်များကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ၈ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative