ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


Training of Trainers (ToT) on Myanmar Investment Law သင်တန်းကျင်းပခြင်း [1]

Posted on 27 September 2017

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာများနှင့်ပတ်သက်၍ မိမိတို့ တိုင်းဒေသကြီး၊ ပြည်နယ်ရုံးရှိ ဝန်ထမ်းများရှိ သက်ဆိုင်ရာပုဂ္ဂိုလ်များကို ပြန်လည် ရှင်းလင်းနည်းပြပေးနိုင်ရန် GIZ ၏ နည်းပညာ အကူအညီဖြင့် Training of Trainers (ToT) on Myanmar Investment Law သင်တန်းအား ၂၀၁၇  ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီတွင် စတင်ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် GIZ မှ Advisor ဖြစ်သူ Mr. Korolin Erdmann, Advisor တို့မှ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းအား ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ မှ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့အထိ ၄ ရက် ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ အပါအဝင် ၂၅ ဦး တက်ရောက် ခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative