ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် အခြားဝန်ဆောင်မှု ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံလိုသူများအား ကူညီဆောင်ရွက်ပေးခြင်း [1]

Posted on 28 September 2017

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေနှင့်လုပ်ထုံးလုပ်နည်းသစ်များနှင့်အညီ အဆိုပြုလွှာများ၊ အတည်ပြုလျှောက်ထားလွှာများ တင်ပြကြရာတွင် အခက်အခဲမရှိစေရေးအတွက် ကော်မရှင်သို့ အဆိုပြုလွှာ နှင့် အတည်ပြုလျှောက်ထားလွှာတင်ပြရန် ပြင်ဆင်လျှက်ရှိကြသော လုပ်ငန်းရှင်များအား အပတ်စဉ်အင်္ဂါနေ့တိုင်း လက်ခံတွေ့ဆုံကာ လိုအပ်သည်များ ရှင်းလင်းဖြေကြား ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၆ ရက်(အင်္ဂါနေ့)တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလင်းထွဋ် ဦးဆောင်၍ ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုဌာနခွဲ(၄)၌ နံနက်  ၉ နာရီမှ ၁၁ နာရီ အချိန်ထိ လျှပ်စစ်နှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများနှင့် စပ်လျဉ်းသည့် ကုမ္ပဏီ(၃)ခုမှ သိရှိလိုသည်များနှင့် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စများကို ရှင်းလင်းဖြေကြား ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative