Training of Trainers on Myanmar Investment Law သင်တန်း ပိတ်ပွဲ ကျင်းပခြင်း [1]
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာများနှင့်ပတ်သက်၍ မိမိတို့ တိုင်းဒေသကြီး၊ ပြည်နယ်ရုံးရှိ ဝန်ထမ်းများရှိ သက်ဆိုင်ရာပုဂ္ဂိုလ်များကို ပြန်လည် ရှင်းလင်းနည်းပြပေးနိုင်ရန် GIZ ၏ နည်းပညာ အကူအညီဖြင့် Training of Trainers (ToT) on Myanmar Investment Law သင်တန်းအား ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့မှ စက်တင်ဘာလ ၂၉ ရက်နေ့အထိ Ibis Styles Hotel တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ သင်တန်း အား တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ အပါ အဝင် ၂၅ ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းပိတ်ပွဲ အခမ်းအနားအား ၂၀၁၇ ခုနှစ် စက်တင်ဘာ လ ၂၉ ရက်နေ့ မွန်းလွဲ ၄ နာရီတွင် ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် ဦးသန့်စင်လွင်တို့မှ တက်ရောက် ခဲ့ပြီး သင်တန်းအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ နိဂုံးချုပ်အမှာ စကား ပြောကြားကာ ပိတ်သိမ်းခဲ့ပါသည်။

