ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် စင်ကာပူသမ္မတနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရေးနှင့်စပ်လျဉ်း၍ ဒုတိယအကြိမ်ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခြင်းကိစ္စ [1]
Posted on 03 October 2017
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် စင်ကာပူသမ္မတနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေး နှင့်အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရေးနှင့်စပ်လျဉ်း၍ ဒုတိယအကြိမ်ညှိနှိုင်း ဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ နေ့လည် ၂:၀၀ နာရီတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံး၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ (၂)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှ ကိုယ်စားလှယ်စုစုပေါင်း (၁၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

