ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


မွန်ပြည်နယ်အတွင်း ခွင့်ပြုမိန့်ရ ကုမ္ပဏီများကို ကွင်းဆင်းစစ်ဆေးခြင်း [1]

Posted on 03 October 2017

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏၂၀၁၆ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ကျင်းပသော (၁၁/၂၀၁၆) ကြိမ်မြောက်အစည်းအဝေးတွင် ခွင့်ပြုခဲ့သော မွန်ပြည်နယ်အတွင်း ဆောင်ရွက် လျက်ရှိသည့် ဇွန်ဘိလပ်မြေ စက်မှုလက်မှုနှင့် ထုတ်လုပ်မှုလီမိတက်၊ Myakan Engineering Co., Ltd၊ Htoo Naing Lin Co., Ltd နှင့် Linn Shwe Sin Co., Ltd တို့သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ဦးဆောင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီများ၏ တည်ဆောက်ပြီးစီးမှုအခြေအနေ၊ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေ၊ ပြည်တွင်း ပြည်ပ ဝန်ထမ်းခန့်ထားမှု အခြေအနေ၊ စက်ပစ္စည်းတင်သွင်း တပ်ဆင်ထားမှုအခြေအနေ၊ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ၂၀၁၇ခုနှစ်၊အောက်တိုဘာလ၁ရက်နေ့တွင်သွားရောက်စစ်ဆေးပြီးလိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative