ကရင်ပြည်နယ် ရင်းနှီးမြှပ်နှံမှု ဆွေးနွေးပွဲနှင့် ပြပွဲအတွက် Stakeholder Meeting ကျင်းပခြင်း [1]
Posted on 03 October 2017
၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ(၂၄)ရက်နေ့တွင် ဘားအံမြို့၌ ကျင်းပပြုလုပ်မည့် ကရင်ပြည်နယ် ရင်းနှီးမြှပ်နှံမှုဆွေးနွေးပွဲနှင့်ပြပွဲအတွက် Stakeholder Meeting ကျင်းပခြင်းကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့၊ တော်ဝင်ရတနာ ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦသန်းနိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ရင်းနှီး မြှုပ်နှံသူများ (၁၀၀)ကျော် တက်ရောက်ခဲ့ပါသည်။






