ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေ နှင့် လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား [1]

Posted on 23 October 2017

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် GIZ တို့ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ရှင်းလင်း ဆွေးနွေးခြင်း အခမ်းအနားကို ၂၀၁၇ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ တောင်ကြီး ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်၊ ရှမ်းပြည်နယ် လျှပ်စစ်၊စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးဆွေသိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချူပ် ဦးသန့်စင်လွင် နှင့် GIZ မှ တာဝန်ရှိသူတို့မှ အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချူပ် ဦးသန့်စင်လွင် သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲတွင်လည်း ပါဝင်ဆွေးနွေးခဲ့ပါ သည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative