ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနဝန်ထမ်းမိသားစုများ၏ စတုတ္ထအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပခြင်း [1]
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ဝန်ထမ်း မိသားစုများ၏ စတုတ္ထအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အမှတ် (၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မင်္ဂလာဒုံမြို့နယ်၊ သုခိတာရာမ(ယဉ်ငေး)ကျောင်းတိုက်မှ ဆရာတော် သံဃာတော် များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ညွှန်ကြားရေးမှူးချုပ်၊ တွဲဖက် အတွင်းရေးမှူး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ကြည်ညိုကြပါ သည်။
စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ကျင်းပရာ သုခိတာရာမ (ယဉ်ငေး) ကျောင်းပရိယတ္တိ-ပဋိပတ္တိ၊ ယဉ်ကျေးလိမ္မာသာသနာပြုဆရာတော် ဦးက္ကုန္ဒကထံမှ ညွှန်ကြားရေး မှူးချုပ် အမှူးပြုသော ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာကြားကြပါသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်၊ တွဲဖက်အတွင်းရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများမှ ဆရာတော်၊ သံဃာတော်များထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္တု ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပါသည်။
ထို့နောက် သုခိတာရာမ (ယဉ်ငေး) ကျောင်းပရိယတ္တိ-ပဋိပတ္တိ၊ ယဉ်ကျေးလိမ္မာသာသနာပြုဆရာတော် ဦးက္ကုန္ဒကထံမှ ကထိန်အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပါသည်။
အခမ်းအနားအပြီးတွင် ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများမှ ကြွရောက်တော်မူကြသည့် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ စတုတ္ထအကြိမ် စုပေါင်း မဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားတွင် ရုံး/ ဌာနများမှ ပဒေသာပင် စုစုပေါင်း (၉) ခု၊ တန်ဖိုးငွေကျပ် ၇,၃၈၅,၅၃၀/- ပါဝင်လှူဒါန်းခဲ့ကြပါသည်။




