အင်္ဂလိပ်စာသင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနား ကျင်းပခြင်း [1]
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ဝန်ထမ်းများ အင်္ဂလိပ်စာကျွမ်းကျင်မှု မြင့်မားစေရန် ရည်ရွယ်၍ GIZ ၏ အကူအညီဖြင့် အင်္ဂလိပ်စာကျွမ်းကျင်မှု သင်တန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှ စက်တင်ဘာလ ၂၈ ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည်။ ကနဦး ဆန်းစစ်မှု ရလဒ်အရ အဆိုပါသင်တန်းအား အဆင့် ၃ ဆင့် ခွဲခြား၍ စုစုပေါင်း အရာထမ်း ၄၅ ဦး တက်ရောက်စေခဲ့ပါသည်။
သင်တန်းဆင်းလက်မှတ်ချီးမြှင့်ပွဲကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက် နေ့လည် ၂ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ရန်ကုန်ရုံးချုပ်၌ ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ GIZ Myanmar မှ Advisor ဖြစ်သူ Ms. Karolin Erdmann နှင့် NELC Xplore မှ Managing Director ဖြစ်သူ Ms.Renee Christensen တို့မှ ထူးချွန်သင်တန်းသားများအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ GIZ and NELC Xplore Myanmar မှ တာဝန်ရှိသူများနှင့် သင်တန်းသား များ အပါအဝင် စုစုပေါင်း ၅၅ ဦး တက်ရောက်ခဲ့ ပါသည်။



