အသိပေးနှိုးဆော်ချက် [1]
Posted on 29 November 2017
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသည် ကုမ္ပဏီများ ဖွဲ့စည်းမှတ်ပုံတင်ခြင်း လုပ်ငန်းအား ၁၉၁၄ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ နှင့် ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီ အက်ဥပဒေများနှင့်အညီ ဖွဲ့စည်းမှတ်ပုံတင်ပေးလျက်ရှိသည်။ ထိုသို့ မှတ်ပုံတင်ပေးရာတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၀၁၇ခုနှစ် ဧပြီလ ၁၀ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁၅/၂၀၁၇ နှင့်အညီ ဖွဲ့စည်း မှတ်ပုံတင် ပေးလျက်ရှိပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန
