ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၌ ပဉ္စမအကြိမ် အာဆီယံပေါင်းစပ်ဆက်သွယ်မှုဖိုရမ်သို့ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ တက်ရောက်ခြင်း [1]
အာဆီယံ-ကိုရီးယားစင်တာနှင့် ကိုရီးယားသမ္မတနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင် များအသင်း (KCCI) တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၌ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပလျက်ရှိသည့် ပဉ္စမအကြိမ် အာဆီယံ ပေါင်းစပ် ဆက်သွယ်မှုဖိုရမ်သို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မြန်မာ ကိုယ်စားလှယ်များက မြန်မာနိုင်ငံ၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာနှင့် စွမ်းအင်ကဏ္ဍတို့နှင့်ပတ်သက်၍ Powerpoint presentation ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့ပြင် တက်ရောက်လာသူများအနေဖြင့် အာဆီယံဒေသတွင်းရှိ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းများနှင့် စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများကို သိရှိနိုင်မည်ဖြစ်သည်။




