Professional Graphic Design သင်တန်းဖွင့်လှစ်ခြင်း [1]
Posted on 07 December 2017
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြာမှု ဦးစီးဌာနနှင့်GIZ တို့ ပူးပေါင်း၍ Professional Graphic Design သင်တန်းကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ရန်ကုန်မြို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ သင်တန်းကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ပြည်သူလူထုသို့ ဖြန့်ဝေလျက် ရှိသည့် PR Products များ၏ အရည်အသွေး ပိုမိုကောင်းမွန်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလမှာ သုံးလခန့် ကြာမြင့်မည်ဖြစ်ပါသည်။
