ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခြင်း [1]

Posted on 11 December 2017

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ဝင်းသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး၊ ဦးဟံထွန်း၊ တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းနှင့် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဒေါ်နီလာကျော်နှင့်အတူ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံးတွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၁၁) ရက်နေ့၌ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြဟန် ဦးဆောင်သော ဗဟိုအလုပ်  အမှုဆောင် အဖွဲ့ဝင်များ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး မွေးမြူရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative