Myanmar Asia Optical International Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း [1]
Posted on 14 December 2017
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် CMPစနစ်ဖြင့် မှန်ဘီလူးအမျိုးမျိုး ထုတ်လုပ် ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် Myanmar Asia Optical International Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ လုပ်ငန်း ဆောင်ရွက် နေမှု အခြေအနေများကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ တွင် သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
